info
ဝဋ်ဆိုတာဝဋ်ဆိုတာ ရှောင်လွဲလို့မရပါ (ပုံပြင်) ___________________________ တစ်ခါတုန်းက အမဲလိုက် အင်မတန် ဝါသနာပါတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်။ သူဟာ တစ်ပတ်မှာတစ်ခါ သူ့အခြွေအရံ နောက်လိုက်တွေနဲ့ သူအုပ်စိုးတဲ့ မြို့တော်နဲ့ မလှမ်းမကမ်းက တောအုပ်ကြီးမှာ သမင် ဒရယ်စတဲ့ သားကောင်တွေကို လေးမြှားနဲ့ ပစ်ခတ်ဖမ်းဆီးလေ့ရှိတယ်။ နှစ်ပေါင်းအတော်ကြာကြာ အမဲလိုက်တဲ့ အလုပ်ကို လုပ်နေခဲ့တယ်။ တစ်ရက်မှာ ဘုရင်ကြီးဟာ အမဲလိုက် မထွက်တော့ဘူးလို့ သူ့မှူးမတ် အခြွေအရံတွေကို ပြောလိုက်တယ်။ ပထမတော့ ဘုရင်ကြီးဟာ နေမကောင်းလို့ အမဲလိုက် မထွက်ဘဲ ခဏနားတာလို့ ထင်ကြတယ်။ တစ်လကြာအထိ ဘုရင်ကြီးဟာ အမဲလိုက် မထွက်တော့တာကြောင့် မှူးမတ်တွေ အားလုံးဟာ အံ့သြနေကြတယ်။ ဒါပေမဲ့ ဘုရင်ကြီးကို ဘာကြောင့် အမဲလိုက်တာလဲလို့ မမေးရဲကြဘူး။ တစ်ရက် နန်းတွင်းစည်းဝေးပွဲတစ်ခုမှာ ဘုရင်ကြီးကို သူ့လူယုံတော် အမတ်ကြီးက ဘာကြောင့် အမဲမလိုက်တော့တဲ့ အကြောင်းကို အရဲစွန့်မေးလိုက်တယ်။ ဘုရင်ကြီးကလဲ သူ ဘာကြောင့် အမဲမလိုက်တော့အကြောင်းကို သူ့မှူးမတ်တွေအားလုံး သိအောင်ခုလို ပြောပြလိုက်တယ်။ "ငါ ကိုယ်တော်မြတ် နောက်ဆုံးအကြိမ် အမဲလိုက်စဉ်မှာ တောအုပ်ကြီးထဲမှာ မင်းတို့နဲ့ ကွဲသွားပြီး ငါတစ်ယောက်တည်း တောအုပ်ထဲမှာ မျက်စိလည် လမ်းမှားနေတယ်။ ငါ့စီးတော်မြင်းလည်း မောနေလို့ ငါလည်း သစ်ပင်ရိပ်တစ်မှာ နားနေတယ်။ ဒီအချိန်မှာ သမင်လေးတစ်ကောင်ဟာ ကြောက်အားလန့်အားနဲ့ ငါ့ရှေ့ကနေ ဖြတ်ပြေးသွားတာကို မြင်လိုက်ရတယ်။ သူ့နောက်မှာ တောခွေးတစ်ကောင် လိုက်လာနေလို့ပါ။ သမင်လေးဟာ ပြေးရင်းနဲ့ မြေတွင်းတစ်ခုထဲကို ခေါင်းစိုက်ထိုးကျသွားတယ်။ တွင်းပေါ်မှာ ပေါ်နေတဲ့ သူ့နောက်ခြေထောက်နှစ်ချောင်းထဲက တစ်ချောင်းကို တောခွေးဟာ ကိုက်ဖြတ်ပြီး ဝါးစားပစ်လိုက်တယ်။ သမင်လေးဟာ ခြေထောက် တစ်ဖက် ဆုံးရှုံးသွားတယ်။ အဲဒီတောခွေးဟာ မကြာခင် ရွာတစ်ရွာရဲ့ အဝင်တံခါးနားကို ရောက်လာလို့ ရွာသားတစ်ယောက်က မြေကြီးပေါ်က ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး တောခွေးကို ပေါက်ပစ်လိုက်တာ တောခွေးရဲ့ ခြေထောက်တစ်ချောင်းဟာ ခဲထိမှန်ပြီး ကျိုးသွားတယ်။ အဲဒီရွာသားလည်း အဲဒီနေရာကနေ သူ့အိမ်အပြန်မှာ လမ်းပေါ်က မြင်းတစ်ကောင်ရဲ့ အကန်ခံလိုက်ရလို့ ပေါင်ကျိုးသွားတယ်။ အဲဒီမြင်းဟာ လူတွေ ဝိုင်းလိုက်ကြလို့ ကဆုန်စိုင်း ပြေးရင်း မြေပြင်က တွင်းတစ်ခုထဲကို ခြေထောက်တစ်ဖက် ကျွံဝင်သွားလို့ အဲဒီခြေထောက် ကျိုးသွားပြန်တယ်။ ဒါတွေကို ငါကိုယ်တော် ကိုယ်တွေ့ မြင်လိုက်တော့ မကောင်းမှုဆိုတာ ဝဋ်လိုက်တတ်ပါလားဆိုတာကို ငါ နားလည်လိုက်တယ်။ ငါ အမဲလိုက်တာကို ဆက်လုပ်နေရင် ငါလည်း ဝဋ်လည်မှာပဲဆိုတာကို သိလိုက်လို့ ငါ အမဲလိုက်တာကို ရပ်ပစ်လိုက်တာပါ" တဲ့။ ပုံပြင်လေးက ဒီမှာတင် မပြီးသေးပါဘူး။ စောစောက မေးတဲ့ အမတ်ကြီးဟာ အခုကျင်းပတဲ့ နန်းတွင်း စည်းဝေးပွဲမှာ ဘုရင်ကြီးကို လုပ်ကြံသတ်ဖြတ်ပြီး နန်းတက်ဖို့ ကြံရွယ်ထားသူပါ။ သူဟာ စကားပြောပြီးသွားတဲ့ ဘုရင်ကြီးကို သတ်ဖို့ သူ့ဓားကို ဆွဲထုတ်ပြီး ရှေ့ကို ပြေးထွက်သွားချိန်မှာ ရှေ့မှာ ထိုင်နေတဲ့ အစောင့်ရဲ့ လှံထိပ်ချွန်နဲ့ ထိုးမိတယ်။ လှံဟာ သူ့ရင်ဘတ်ကို ထုတ်ချင်းဖေါက် ဝင်သွားလို့ အမတ်ကြီးလည်း နေရာမှာတင် ပွဲချင်ပြီး သေဆုံးသွားရတယ်။ ပုံပြင်ထဲကလို မကောင်းမှုလုပ်သူဟာ မကောင်းတဲ့ အကျိုးကို ချက်ချင်း ခံစားရမယ်ဆိုတာမျိုး အပြင်မှာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ မကောင်းမှုလုပ်ရင် မကောင်းတဲ့ ဆိုးကျိုးကို မုချခံရမှာကတော့ သေချာပါတယ်။ ဘယ်တော့လဲဆိုတာကိုသာ မသိနိုင်တာပါ။ Credit to original writer.#fpy #fpyシ #VoiceEffects #tiktok #ရောက်စမ်းfypပေါ်😒myanmartiktok #စိတ်ကောင်းထားနိုင်ကြပါစေ☺☺ #fpyツ #onthisday #စိတ်ကောင်းထားနိုင်ကြပါစေ☺☺ #မိဘကျေးဇူးဆပ်နိုင်ကြပါစေ #အဖေ #အမေ #အဖေနဲ့အမေကျန်းမာပါစေ🙏🙏🙏 #ကျန်းမာချမ်းသာကြပါစေ🙏🙏🙏 #ယဉ်ကျေးလိမ္မာ #မင်္ဂလာပါ #ရောက်ချင်တဲ့နေရာရောက်👌 #ရောက်စမ်းfypပေါ်
Duration: 0 sPosted : Thu, 04 Apr 2024 01:56:38Views
4.1KDaily-
Likes
181Daily-
Comments
16Daily-
Shares
18Daily-
ER
5.29%Daily-
Latest