သူသာ သတိရရင် ... ညဖက်တွေရောက်ရင် မတွေးပဲ ဝင်လာတတ်တဲ့ အတွေးပေါ့ ... သူသာ ... သတိရရင် ကိုယ်မျှော်နေတယ်ဆိုတာ သူ သိကို သိမှာပါ ဆိုတဲ့ စိတ်ကူးနဲ့ ကိုယ့်ဖက်က စမခေါ်ပဲ မျှော်နေခဲ့ဖူးတယ် ။ စာလေးတစ်ကြောင်းပဲ ဖြစ်ဖြစ် ဖုန်းပြန်ခေါ်ပေးနော်ဆိုတဲ့ ဖုန်းcallလေးတစ်ခုဖြစ်ဖြစ် ကိုယ် မျှော်လင့်နေခဲ့ဖူးတယ် ။ အလုပ်တွေ မအားသေးရင်တောင် မအားသေးလို့နော်ဆိုပြီး အလေးထားတာမျိုးဖြစ်ဖြစ် ကိုယ် လိုချင်ခဲ့ဖူးပါတယ် ။ သူသာ ... ကိုယ့်ကို သတိရနေမယ်ဆိုရင် ဒီအချိန်ဆို ဖုန်းလေးကို ငေးပြီး သူ့ကို မျှော်နေတယ်ဆိုတာမှန်း သူ သေချာပေါက် သိကို သိမှာပါ သူသာ ... သတိရနေမယ်ဆိုရင်လေ ဘယ်အရာမှ အဆင်ပြေမနေတဲ့ ရက်တွေမှာ အနည်းဆုံးတော့ ကိုယ်ချစ်တဲ့လူနဲ့ စကားတွေပြောရင်း ရီမောချင်မှန်း သူတွေးမိမှာပါ ။ အင်း ... သူသာ ... သတိရနေမယ် ဆိုရင်ပေါ့ ။ #ကျေးကို#fypシ #foryou #kyaeko #fypシ